Wednesday, March 14, 2018

ဒီနွေမှာ သူတို့လေးတွေနဲ့ ...

***
ပြီးခဲ့တဲ့ မတ်လဆန်းကစပြီး ကျမတို့ရဲ့ ကျောင်းလေးမှာ နွေရာသီ သင်တန်းတွေ ဖွင့်ခဲ့ပါတယ်။ ကျမ စင်ကာပူက ပြန်လာပြီး နေမကောင်းသေးလို့ ချက်ချင်း စာမသင်နိုင်ဘဲ နားလိုက်ရတာ တနင်္လာနေ့ကမှ စာသင်ခန်းထဲ ပြန်ဝင်ဖြစ်ပါတယ်
.

ကျောင်းသား အဟောင်းရော အသစ်​​ရော ပါတာမို့ စစချင်း အချိန်မှာ သူတို့နဲ့ မိတ်ဆက်စကားတွေ ပြီးနောက် အခုလို ပြောရတယ်
.
"သားတို့ သမီးတို့
တွေ ပြီးခဲ့တဲ့ စာသင်နှစ်တနှစ်လုံး ဝန်ထုတ်ဝန်ပိုးကြီး ခေါင်ပေါ် ကျောပေါ် ထမ်းလာခဲ့ရတာ အခု နွေကျောင်းပိတ်မှာ ဝန်မပိစေဘဲ ပေါ့ပေါ့ပါးပါး ဆော့ကစားရင်း Activities လေးတွေ လုပ်ရင်း စာသင်ကြမယ်" ဆိုတော့ သူတို့လေးတွေ ပျော်သွားကြတာပေါ့။
.
"ပြီး
တော့ အင်္ဂလိပ်စာ 4 skills သင်မယ် ဆိုပေမဲ့ နောက်ထပ် skill တခုကိုပါ ထည့်ပြီးသင်​​ပေးပါမယ်၊ အဲဒါကတော့ thinking skill ပါ။ critical and creative thinking ကို ကျွမ်းဝင် ရင်းနှီးလာအောင် လုပ်ကြရအောင်၊ ကြက်တူရွေး စာအံသင်တဲ့ စံနစ်ကို တော်လှန်ကြမယ်၊ ဘယ်လိုလဲ"
.

အဲဒီလို
ပြောပြီး ဆရာအော်ပီကျယ်​​ပြောတဲ့ My father name is U Mya. ဇာတ်လမ်းကို ပြောပြတော့ သူတို့တွေ သဘောတကျ ရယ်မောကြတယ်။ စာသင်တိုင်း အက်ဆေးကို အလွတ်မကျက်ဖို့ ကျမ အမြဲပြောခဲ့တာမို့ မနှစ်က တက်ခဲ့ဖူးတဲ့ ကျောင်းသားဟောင်း တယောက်က ထပြောတယ်။
.
"တီချာ
ပြောလို့ အက်​​ဆေးကို အလွတ်မကျက်ဘဲ ဖြေလိုက်တာ သား B ပဲရတယ်"
.
“Congratulations သား၊ သားအဲဒီလို သတ္တိရှိတာ တီချာ ဂုဏ်ယူတယ်၊ A မရတော့ ဘာဖြစ်လဲ၊ B ရတာ ဝမ်းနည်းစရာ မဟုတ်ဘူး၊ သား စာမေးပွဲ ကျတာမှ မဟုတ်တာ”
.
“သူများတွေ A ရတော့ A လိုချင်တာပေါ့”
.
“အိုကေ၊ ဒါဆို ရွေးချယ်စရာ နှစ်ခုရှိတယ်၊ ကိုယ့်ဘာသာ ဆုံးဖြတ်လေ၊ အခုလတ်တလော A ရတာကို ရွေးပြီး တသက်လုံး ကိုယ့်ရဲ့ အတွေးအခေါ်တွေကို ဘောင်ခတ်ထားမလား၊ ဒါမှမဟုတ် အမှတ် ဘယ်လောက် ရရ လွတ်လပ်စွာ တွေးခေါ် ရေးသားမလား၊ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ ...
“တီချာတို့ ငယ်ငယ်ကလည်း အလွတ်ကျက်ခဲ့ ကြပါတယ်၊ တက္ကသိုလ် ရောက်တော့လည်း ကျူတိုရီယာယ်တွေ၊ အဆိုင်းမန့်တွေ ဆိုရင် ကူးချကြတာပဲ၊ အဲဒီတော့ နိုင်ငံခြားမှာလည်း ကျောင်းသွားတက်ရော စာတပုဒ်ကို ကိုယ်တိုင် မရေးနိုင်တော့ဘူး၊ ဘယ်လို စရေးရမှန်း မသိလို့ အင်မတန် ဒုက္ခရောက်ခဲ့တယ်၊ တီချာက ကိုယ်ဖြစ်သလို သားတို့သမီးတို့ကို မဖြစ်စေချင်လို့ ပြောနေရတာပါ”
...
***

သူတိုရဲ့ ကိုယ်
နှုတ် အမူအရာ ယဉ်​​ကျေးမှုနဲ့ ပတ်သက်ပြီး mutual respect ရှိဖို့ အရင်​​ပြောရပြီး ဆဲရေး တိုင်းထွာတာကို နှုတ်အားဖြင့် လုပ်ရင် ...
"သားတို့က သူများမခံချင်အောင် ဆဲလိုက်တာပဲ၊ သူ့ကို နာအောင် ဆဲတယ် ဆိုတာ ကိုယ့်ပါးစပ်ထဲ အဲဒီအဆဲ စကားလုံးကြီး အရင် ထည့်ရတာနော်၊ စဉ်းစားကြည့် သူများ ညစ်ပေသွားအောင် အီအီးတွေ ပါးစပ်နဲ့ ငုံပြီး ထွေးလိုက်တာနဲ့ မတူဘူးလား၊ သူ မပေခင် ကိုယ်က အရင် ငုံလိုက်ရတာနော်"
ဆိုပြီးပြောတော့ အီး အား နဲ့ ရွံပြကြတယ်။ ခုခေတ်မှာ ထမင်းစား ရေသောက် အလယ်တကူ ဆဲရေး တိုင်းထွာ နေကြတယ်၊ ဘာသာရေး ရှုထောင့်က ကြည့်ရင်လည်း ဘယ်ဘာသာကမှ ဆဲတာကို အားမပေးဘူး၊ ဗုဒ္ဓဘာသာမှာ ဆိုလည်း ဆဲတာဟာ ဝစီဒုစရိုက်ပဲ၊ ဒုစရိုက်သမား ဖြစ်ချင်ကြသလား"
.
"မဖြစ်
ချင်ပါဘူး" ပြိုင်တူ ပြောကြတာပေါ့။ :)
ဒါနဲ့ ဆက်ပြီး အနိုင်မကျင့်ဖို့၊ ခွဲခြား ဆက်ဆံခြင်း မလုပ်ဖို့ တွေ ပြောရတယ်နောက်ဆုံးတော့ "ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြပါ" ... လို့ ပြောပြီး နိဂုံးချုပ်လိုက်တယ်။ ကိုယ် မကြိုက်တဲ့ အပြုအမူ အပြောအဆိုကို မလုပ်ဘဲ ကိုယ် ကြိုက်တဲ့ ... (ကိုယ့်ကို ဆက်ဆံစေချင်တဲ့) အပြုအမူ အပြောအဆိုကိုသာ လုပ်ပါ လို့ပေါ့။ ဒါဟာ ကိုယ်ချင်းစာ တရားပဲ မဟုတ်လား။
***
ဒီနှစ်နွေသင်တန်းမှာ အင်္ဂလိပ်စာအပြင် သင်္ချာပါ ထည့်သင်ခဲ့ပါတယ်။ အခုခေတ် ကလေးတွေ သင်္ချာညံ့တယ်လို့ ပြောကြတာကို ကျမ မခံနိုင်ဘူး။ ကျောင်းသားတယောက်ယောက် သင်္ချာကြောက်တယ် ဆိုရင် ကျမ စိတ်မကောင်းဖြစ်ရတယ်။ ကျမတို့ ငယ်ငယ်က သင်္ချာဆိုရင် ပျော်နေခဲ့တာ၊ သူတို့လည်း သင်္ချာကို ပျော်ပျော်ကြီး သင်စေချင်တယ်။
.
သင်္ချာချိန်မှာ အပြင်ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီး သင်ပေးရတယ်။ ကျမ သင်ရတဲ့ အပိုင်းက shape တို့ length တို့ ဆိုတော့ စာသင်ခန်းထဲမှာ ရှိတဲ့ shape တွေကို မေးရင်း ဖြေရင်း လိုက်ရှာကြရင်း အငြိမ်မနေရသလို length ဆိုလည်း ဖတ်စာအုပ်တွေ လေ့ကျင့်ခန်းစာအုပ်တွေ၊ ခဲတံ၊ ခဲဖျက်၊ ကွန်ပါဘူးတွေ ကို ပေတံ တချောင်းနဲ့ လိုက်တိုင်းခိုင်း၊ နောက် စားပွဲ ကုလားထိုင် ဝှိုက်ဘုတ် မာ့ကာပါမကျန် ပျော်ပြီး အကုန် တိုင်းကြတော့တာပဲ။
.
တိုင်းတဲ့ အတွေ့အကြုံ အတော်လေး ရတော့မှ ပစ္စည်းတခုကို မတိုင်းခင် ခန့်မှန်းခိုင်း၊ more than - less than တွေ ပြောခိုင်း ... အဲဒီလိုနဲ့ သူတို့လည်း မော ကိုယ်လည်း မောတဲ့အချိန်ကျတော့ ကျောင်းဆင်းခေါင်းလောင်း ထိုးရော .... ။
***
ကျမတို့ရဲ့ အဓိက ဦးတည်ချက်ကတော့ ကလေးတွေ နွေရာသီမှာ စိတ်ဖိစီးမှု မရှိစေဘဲ လွတ်လပ်ပေါ့ပါးစွာ ဆော့ကစားရင်း သိသင့် သိထိုက်တဲ့ သင်ခန်းစာတွေ သင်ယူနိုင်ဖို့ပါပဲ။ ပြီးခဲ့တဲ့ စာသင်
နှစ် တနှစ်လုံး ကျောင်းသင်ခန်းစာတွေနဲ့ စိတ်ရှုပ်ထွေးခဲ့ရတဲ့ ကလေးတွေအတွက် နွေတနွေမှာတော့ လွတ်လပ်ပေါ့ပါး သင့်တယ် မဟုတ်လား ... ။
.
ဆော့ရင်း ကစားရင်း စာသင်ကြရတာမို့ ကလေးတွေ ပိုပျော်ကြသလို အချင်းချင်း ရင်းနှီးမှုလဲ ပိုရှိကြတယ်၊ သင်လိုက်တဲ့ စာကိုလဲ ပိုပြီး စွဲမြဲမှတ်မိစေပါတယ်။
.
နေ့တဝက် ကလေးတွေကို စာသင်ပြီးတဲ့အခါ full time သင်တဲ့ ဆရာတွေ နေ့စဉ်
discussion လုပ်ကြရတယ်။ ဘယ်အတန်းကို ဘယ်လိုသင်တယ်၊ ဘယ်လို သင်ရင် ပိုကောင်းမယ်၊ နောက်နေ့ ဘယ်လိုတွေ သင်ကြမယ် ဆိုတာ နေ့တိုင်း ပြောပြ ဆွေးနွေးကြ၊ အခက်အခဲတွေ ရှိရင် အတူတူ တိုင်ပင် ဖြေရှင်းကြပါတယ်။
.
ဒီတ
နွေမှာတော့ ရာသီဥတု ပူလောင်မှုကို အံတုပြီး ကံ့ကော်ရိပ်မှာ ချွေးသိပ်ရင်း ကျောင်းသားတွေရော ဆရာ ဆရာမတွေပါ ... တပျော်တပါး ... ဖြတ်သန်းသွားကြရဦးမှာပါ။
***
မေဓာဝီ
၁၄ မတ်
၂၀၁၈
၂၁း၄၄

No comments: