Monday, May 16, 2016

မိုးမျှော်တေး ...


မိုးမျှော်တေး
***
မြရည်စိုလူး
ပိတောက်ဖူးလည်း
မိုးဦးမျှော်ရ ...
ကြာလှပြီ။
.
ခရမ်းရောင်သန်း
ပျဉ်းမပန်းလည်း
လွင့်နွမ်းကြွေကျ
မြေခပြီ။
.
ဝါနုရောင်ဖြာ
ပန်းငုဝါလည်း
ပူဗျာပါကျွမ်း
ညှိုးနွမ်းပြီ။
.
မိုးကိုမျှော်လည်း
မိုးဖွဲမစွေ
မိုးရေမစွတ်
မိုးငတ်မွတ်သော
ဝန်းကျင်တောမှာ
မိုးရွာစေရေး
တေးဖွဲ့သီ။
***
မေဓာဝီ
16.05.16

1 comment:

Aunty Tint said...

မိုးမျှော်တေး ကဗျာလေးဖတ်ပြီးတဲ့ သကာလ မိုးဒေ၀ါရဲ့ချုန်းသံနဲ့အတူ မိုးတွေမရပ်မနားရွာသွန်းပေါ့ မမေရေ ^_^